ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၈)
---------
သူကား တစ်ကယ်ပင် တီအန်ယွာတောင်တွင် တွေ့ခဲ့သော ဟွာဂျီယူ ဖြစ်သည်၊ သူမကား သူမ၏ အလှတစ်ခုတည်းကြောင့် နာမည်ကျော်ခြင်း မဟုတ်ဘဲ သူမ၏ နွေဦးရာသီစစ်ဆေးခြင်းနှင့် ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲရလဒ်များမှာ လူတိုင်းအား အံ့သြ ထိတ်လန့်စေအောင် ကောင်းမွန်ခြင်းကြောင့် နာမည်ကျော်ခြင်းဖြစ်သည်။
“မင်းက သူ့ကို အလှကလေး လို့ခေါ်တယ်ဟုတ်လား……..” သူ့ရှေ့မှ လူကြီးက ဖူရှင်းအား ဇဝေဇဝါဖြစ်ဟန်ဖြင့်မေးသည်၊
“ဆရာ…..သူက….လူသားတစ်တယာက်အနေနဲ့ လှလွန်းတယ်…..”ဖူရှင်းက ရယ်မောလျက် ရှင်းပြသည်၊ သူမနှင့် ဤပါမောက္ခဆရာကြီးနှင့် တစ်ခုခုပတ်သက်နေသည်မှာ ထင်ရှားလှသည်၊
“ကောင်းပြီလေ…ကြည့်ရတာ…မင်းက…ဘယ်လိုစကားပြောရမယ်မှန်း…သိတာပဲ…” သူက ရေနွေးကြမ်းအား ငှဲ့လိုက်သည်၊ ထို့နောက် ဖူရှင်းအားကြည့်ကာ ဆက်ပြောသည်…..
“ဒီကျောင်းတော်မှာရှိတဲ့ သူတိုင်းက မင်းဆရာဖြစ်နိုင်တာပဲ….နောက်နောင်ကျရင် ဒီထက်ပိုသင်ယူချင်တယ်….ဆိုရင်တော့…ငါ့ဆီလာခဲ့ပေါ့…ငါ့ကို...ဆရာလို့ခေါ်ရင်လည်း…ရတယ်…”
ဟွာဂျီယူ က သူမ၏အဖေအား နားမလည်တော့ပေ၊ သူမ၏ အဖေကား တပည့်လက်မခံတော့သည်မှာ အလွန်ကြာမြင့်လှပြီဖြစ်သော်လည်း ယခုအဘယ်ကြောင့် ရီဖူရှင်းအား ခြွင်းချက်အနေဖြင့်လက်ခံရသနည်း၊ သူက မည်မျှ ပါရမီ ကောင်းနေသနည်း။
“တပည့်…..ဆရာကို နှုတ်ဆက်ပါတယ်…..” ဖူရှင်း ဦးညွှတ်လိုက်သည်။
ပါမောက္ခ က ခေါင်းညှိတ်၍ ဆက်ပြောသည်……
“ငါက မလိုအပ်တဲ့ ထုံးတမ်းစဉ်လာ အလေ့အထတွေ၊ အပိုအလုပ်တွေကို သိပ်ဂရုစိုက်တာ မဟုတ်ဘူး….ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲက စတော့မယ်….သွားပြီး…ပြင်ဆင်တော့….”
“ဟမ်….ဒီနေ့လား….” ဖူရှင်းက ထိတ်လန့်သွားသည်၊ သူမည်မျှကြာအောင် သတိလစ်နေခဲ့သနည်း သူမသိပေ။
“ဒန်……ဒန်…….ဒန်…….”
သူတို့ ပြောနေသည့်အချိန်မှာပင် ကျောင်းဝင်းတစ်ခုလုံး ကြားလောက်အောင် ကျယ်လောင်သော ခေါင်းလောင်းထိုးသံများ အဆက်မပြတ်မြည်လာလေသည်၊ ဖူရှင်းက အဝေးကို မျှော်ကြည့်လိုက်သည်၊ အချိန်ကျလာလေပြီ။
“ဂျီယူ….သူ့ကို ပြန်လိုက်ပို့လိုက်…..” ပါမောက္ခ က သူမအားပြောသည်၊ ဂျီယူက ဖူရှင်း၏ ပုံစံမှာ အနည်းငယ် ဝင့်ကြွားသည့်ပုံပေါ်နေသည်ကို သတိထားမိသည်။
“လာ….သွားမယ်…..” ဂျီယူက ပြောကာ ရှေ့မှထွက်သွားသည်။
“ငါင်္အကျီ မလဲရသေးဘူး” ဖူရှင်းက နောက်မှ လှမ်းပြောသည်။ ယခု သူဝတ်ထားသည့် အဝတ်များမှာ ပါမောက္ခ ၏ အဝတ်အစားများဖြစ်မည်။
“ဒါဆိုလည်း သွားလဲလိုက်….” သူမက လှည်မကြည့်ဘဲ ပြော၏၊ ဖူရှင်းက သူမအား မှီလာသည်၊သူက ဆက်၍ပြောသည်…..
“ဒါနဲ့ မင်းကို ဘယ်လို…ခေါ်ရမလဲ…စီနီယာ မိန်းကလေးဟွာ…..ဂျူ နီယာမိန်းကလေးဟွာ…..”
“ဘယ်လိုမှ မခေါ်နဲ့….”
“ကောင်းပြီ…ဒါဆိုလည်း မြေခွေးမ လို့ခေါ်မယ်….”ဖူရှင်းက ပုခုန်းတွန့်လိုက်သည်[ဒါတော့ မူရင်းစာရေးဆရာက များသွားပြီဗျာ…ဒီလောက်လှတဲ့မိန်းကလေးကို မြေခွေးမလို့ သုံးရက်တယ်😞😞]
“မြေခွေးမ….နင် သိုင်းအဆင့် ဘယ်လောက်လဲ”
ဂျီယူက သူ၏ မေးခွန်းအား ဘာမှပြန်မပြောပေ။
“လူတွေက ပြောတယ်…နင်က မှော်ထိန်းချုပ်သူတဲ့…ဟုတ်လား…” သူမက ပြန်မဖြေသော်လည်း ဖူရှင်းက ဆက်၍ မေးလိုက်သည်…….
‘နင် ဒိတ်လုပ်ဖူးလား…” ဖူရှင်းက အလွတ်မပေးပေ…ဆက်၍မေးသည်…..
“မဖြေဘူးဆိုတော့ ဟုတ်တယ်ပေါ့…..”
“မဟုတ်ဘူး….” သူမက နှုတ်ခမ်းကို အနည်းငယ်ကိုက်ကာ ဖူရှင်းအား ဒေါသတစ်ကြီးကြည့်လိုက်သည်၊
“ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ…ငါလည်း မဒိတ်ဖူးဘူး…” သူမ၏ ဒေါထွက်နေသောပုံအားကြည့်ကာ သူပြုံးလိုက်သည်၊
ရုတ်တရက် သူမလမ်းလျှောက်နေရာမှ ရပ်တန့်လိုက်သည်၊ဖူရှင်းက သူမအား ကြည့်လိုက်သောအခါ မနက်ခင်း နေရောင်က သူမ၏ မျက်နှာပေါ်သို့ကျကာ သူမ၏ မျက်နှာမှာ နေရောင်ကြောင့် ဝင်းပနေသည်ကို မြင်လိုက်သောအခိုက်အတန့်တွင် ဖူရှင်းမှာ ပတ်ဝန်းကျင်တစ်ခုလုံးသူမ၏ အလှတွင် မှေးမှိန်သွားကာ အရာအားလုံးကို မေ့သွားစေသည်။
“နင်က လုံးဝ လုံးဝ အရှက်မရှိတာပဲ….”သူမက ထိုသို့ ပြောကာ လှည့်ထွက်သွားသည်၊ သူမ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်ပြီးနောက် သူတစ်ချက် ပြုံးလိုက်သည်။
ကျောင်းတော်ကား ယနေ့ပို၍ စည်ကားနေသလို တာဝန်ရှိသူများမှာလည်း အလုပ်များလျက်ရှိကြသည်၊ ကျောင်းတော်သို့ လာရာလမ်းတစ်လျောက် လူများ အများအပြားတွေ့ရသည်၊ ၄င်းတို့အထဲတွင် ချင်းကျူ မြို့ သူမြို့သားများ၊ သူဋ္ဌေး သူကြွယ်များ၊ သိုင်းပညာရှင်များနှင့် မှော်ပညာရှင်များ စသည့် လူအမျိုးမျိုးကိုတွေ့နိုင်သည်။
အထူးသဖြင့် ယခုလို ရာသီကုန်စာမေးပွဲတွင် မြို့၏ ရာထူးရာခံများနှင့် ကျောင်းသားမိဘများ ပါဝင်တက်ရောက်ကြသည်၊သူတို့ကား ပွဲကြည့်စင်ပေါ်သို့ တက်ရောက်ခွင့်ရကြသည်၊ တစ်ခြားသူများမှာကား ကွင်းပြင်ကြီးမှတစ်ဆင့် ကြည့်ရှုနိုင်ပေသည်။
ယခုစာမေးပွဲတွင် ပါဝင်သူများမှာ လူငယ်များဖြစ်သော်လည်း ကျောင်းတော်၏ တရားဝင်ကျောင်းသားအဖြစ်ရွေးချယ်ခံခဲ့ရပါက နောင်တစ်ချိန်တွင် ချင်းကျူ မြို့၏ အထင်ကရ ပုဂ္ဂိုလ် များ ဖြစ်လာကြမည် မဟုတ်ပါလား၊ ပွဲကြည့်စင်ပေါ်တွင် ကြည့်နေသော မြို့၏ ခေါင်းဆောင် အများစုမှာလည်း ကျောင်းတော်၏ ကျောင်းသားဟောင်းများဖြစ်ကြလေသည်။ ထို့ကြောင့် ယခုစာမေးပွဲကား တစ်မြို့လုံး၏ စိတ်ဝင်စားမှုကို ခံရသော စာမေးပွဲဖြစ်၏။
“ဟွာဂျီယူ က ဒီသုံးနှစ်လုံးရေးဖြေစာမေးပွဲမှာ ပထမရထားတယ်မလား….အခုလည်း သူမက လူတိုင်းကို ထိတ်လန့်စေမယ် ဆိုတာ ငါပြောရဲတယ်….”
“ယန်ဇူ က လန်ခဲ့တဲ့ သုံးနှစ်လုံး ဟွာဂျီယူ နောက်က ဒုတိယ ရထားတယ်….ဒီနှစ် ပထမ ရကောင်းရနိုင်တယ်….”
“မူရွန်ချူ..... မူရွန်မိသားစုရဲ့ ထင်ရှားလှတဲ့ ဆက်ခံသူတစ်ယောက်…..သူက နိုးထခြင်း အဆင့်ကိုးကိုရောက်နေပြီ….သူက တရားဝင်ကျောင်းသားဖြစ်ဖို့ အဆင့်မှီနေပြီ…..ကောလဟာလတွေအရတော့ သူက စာမေးပွဲမှာ အဆင့်တစ်ယူပြီး ကျောင်းတော်ရဲ့ တရားဝင်ကျောင်းသားဖြစ်ချင်တာတဲ့…ဒါကြောင့် ကျောင်းတော်က တရားဝင်ကျောင်းသားလက်ခံဖို့ ပြောတုန်းကုငြင်းထားတာလို့ပြောကြတယ်….ဒီစာမေးပွဲက သူ့နောက်ဆုံးအခွင့်အရေးပဲ…..”
“ရီမိသားစုရဲ့ ယူချင်း ကိုလည်း မမေ့နဲ့…..ရီဖူရှင်းကြောင့်သာမဟုတ်ရင် သူက နွေဦးစစ်ဆေးခြင်း စာမေးပွဲကတည်းက တရားဝင်ကျောင်းသားဖြစ်နေပြီ….သူက အသက်ဆယ့်ငါးနှစ်ပဲရှိသေးတာ…”
ကွင်းပြင်ပမှ ကြည့်နေသော လူအုပ်ကြီးက သူတို့သိသော အကြောင်းအရာများအား အပြန်အလှန်ပြောနေကြ၏၊ ဤသည်က ချင်းကျူ မြို့တွင် ကျောင်းတော်၏ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို တွေ့ရသည်၊
ဖူရှင်းက သူ၏ အခန်းအားပြန်လာသော် ယူချင်းအား အခန်းထဲ၌ထိုင်နေသည်ကိုတွေ့ရ၏၊ ယူချင်းက ဖူရှင်း၏ အခြေအနေအားကြည့်ကာ မေးလိုက်သည်….
“မင်း….ဘယ်လိုနေသေးလဲ….”
“ငါလား….ကောင်းတာထက်ပိုသေးတယ်….” ဖူရှင်းက ရယ်မောလျက် ပြန်ပြောသည်၊ ရုတ်တရက် လျပ်စီးအက်သံတစ်ချက်ကြားရပြီး သူ၏ ခန္ဒာ တစ်ခုလုံးအား လျပ်စီးများ ဖုန်းလွှမ်းသွားသည်၊
“ဝိုး….အရမ်းမိုက်တယ်….ဒါက နိုးထခြင်းစွမ်းအင် အဆင့်ခြောက်မလား….” ယူချင်းကား ဖူရှင်းက လျပ်စီးစွမ်းအင်ဖြင့် နိုးထခြင်း အဆင့်ခြောက်သို့တက်ရောက်သွားသည်ကို အလွန်အံ့သြဟန်ဖြင့် ပြောသည်၊သူ့ပုံကြည့်ရသည်မှာ ၄င်းနဂါးပုံရိပ်နှင့် ထိတွေ့ဖြစ်သည်က သူ့အား ပိုမို တိုးတက်စေပုံရသည်။
“မင်းအခု အခြေခံ မှော်သိုင်းကွက်တွေ စမ်းသုံးကြည့်သင့်တယ်….” ယူချင်းက ပြောသည်၊
“အချိန်မမှီတော့ဘူး ကောင်လေး…..ရာသီကုန် စစ်ဆေးခြင်းစာမေးပွဲ စပြီ…..”
“မင်းအဖေ က မင်းရဲ့ စာမေးပွဲအခြေအနေကို စောင့်ကြည့်ဖို့ ရောက်နေတယ်…..”
“အဖေ ရောက်နေတယ်…..” ဖူရှင်း အံ့သြ သွားသည်၊ ထို့နောက် သူပြုံးလိုက်သည်…..ယခုတစ်ခေါက် သူ၏အဖေ တော်တော်ကို အံ့သြထိတ်လန့်သွားပေမည်၊ ထို့နောက် ဖူရှင်းနှင့် ယူချင်းက အဝတ်အစားလဲကာ ပြိုင်ပွဲကျင်းပရာနေရာသို့ ထွက်လာကြ၏၊
ပျြုင်ပွဲနေရာတွင်ကား စာရေးစားပွဲ အလုံးသုံးထောင်အား တစ်တန်းစီ စီလျက်ချထားသည်၊ရှေ့တည့်တည့် စင်ပေါ်တွင်ကား တရားဝင်ကျောင်းသားများနှင့် ကျောင်းတာဝန်ရှိသူများထိုင်နေကြသည်၊ ဘေးမှ ပွဲကြည့်စင်ပေါ်တွင်ကား ချင်းကျူ မြို့၏ အရာရှိအရာခံများ၊ အထူးဧည့်သည်တော်များ၊ ကျောင်းသားမိဘများ ကြည့်နေကြသည်။
ဖူရှင်းက ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်သည်နှင့် လူတော်တော်များများက သတိထားမိကြသည်၊ သူကား ယခုရက်ပိုင်းအတွင်း အတော်အတန် နာမည် ကျော်ကြားလာပုံရသည်၊ ဖန်းရှင်းဇွီမှသူ့အားငြင်းပယ်သည့်ကိစ္စ၊ ဖန်းရှင်းဇွီနှင့် မူရွန်ချူ အတူရှိနေသည့်အကြောင်းအရာများက တစ်မြို့လုံးအား ပျံ့နှံ့နေလေပြီ၊ ထို့အပြင် တီအန်ယွာ တောင်ပေါ်တွင် မြွေမိစ္ဆာ၏ တိုက်ခိုက်ခြင်း ခံရသည့်ကိစ္စများလည်း ပါဝင်သည်၊ အမှန်တစ်ကယ်အားဖြင့်လည်း ဖူရှင်းမှာ အနည်းငယ် မာကြောပုံရသည်၊ အကယ်၍ ထိုကဲ့သို့ ကြောက်မက်ဖွယ် မြွေမိစ္ဆာ၏ တိုက်ခိုက်ခြင်း ခံရပါက အသက်ရှင်ရန်မလွယ်ကူပေ။
‘ကျောင်းတော်က မင်းကို တိုက်ခိုက်တာ မြွေမိစ္ဆာ ဆိုပြီး တရားဝင် ထုတ်ပြန် ကြော်ညာထားတယ်’ ယူချင်းက ဖူရှင်းအား ပြောသည်၊ ဖူရှင်းက ခေါင်းညှိတ်လိုက်သည်၊ ထို့နောက် ပွဲကြည့်စင်အား အတန်ကြာ ဝေ့ကြည့်လိုက်ပြီးနောက် တစ်ချက်ပြုံးလိုက်သည်၊
“လာ…သွားမယ်….” သူက ယူချင်းအားပြောကာ စင် ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်၊ ထိုနေရာတွင်ကား လူအနည်းငယ် ထိုင်နေသည် ကိုတွေ့ရသည်၊ ရီဘေချွန် ကား တစ်ခြား သူနှင့် ရွယ်တူခန့် လူကြီး တစ်ဦးနှင့် စကားပြောနေကြသည်၊ သူက ရီဖူရှင်း အနားသို့ရောက်လာသည်နှင့်……
“နားထောင်….ငါဒီနေ့ မင်းကြောင့် ရောက်နေတာ….နားလည်တယ်မလား…တစ်ကယ်လို့ မင်းစာမေးပွဲမှာ အရမ်းညံ့ဖျင်းနေမယ်ဆို ငါက မင်းအဖေဆိုတာ သူများကို မပြောနဲ့…...”
ဖူရှင်း အနည်းငယ် ကသိကအောက် ဖြစ်သွားသည်……..
“တစ်ကယ်ပြောနေတာလား….အဖေ….အနည်းဆုံးလူကြားထဲ ကျွန်တော့ကို အရှက်ရအောင် မပြောသင့်ဘူး….”
“ဟင်း…..အနည်းဆုံးတော့ မင်းက ရှက်ရကောင်းမှန်းတော့ သိသေးတာပေါ့…ဟုတ်လား….” သူ့သား၏ စကားများကို သူမ အံ့သြ တော့၊ သူ့သားအကြောင်း သူသာလျင် အသိဆုံးဖြစ်သည်။
“ကျွန်တော်….အရမ်းစိတ်မကောင်း ဖြစ်ရတယ်…” ဖူရှင်းက ဝမ်းနည်းသည့်ပုံစံဖြင့်သူ၏ နဖူးအား လက်သပ်လျက် ပြောသည်၊
“ဟန်ဆောင်မနေနဲ့တော့…..မင်း ငါ့ရဲ့ အနာဂါတ် ချွေးမလောင်း ကို ဘာသွားလုပ်လိုက်လဲ…..” ရီဘေချွန်းက သူ့အားစိုက်ကြည့်လျက် မေး၏၊ သူ၏ အဖေက မေးမှသာ ဖူရှင်းက ဖန်းရှင်းဇီမှာ သူမ၏အဖေ ဘေးတွင် ထိုင်နေသည် ကို သတိထားမိသည်၊ သူမက သူနှင့် မျက်လုံးချင်း မဆုံမိအောင် ရှောင်နေသည်ကို တွေ့ရသည်၊
“ရီဘေချွန်..... ငါဘယ်တုန်းက ငါ့သမီးက မင်းချွေးမဖြစ်ရမယ်လို့ ကတိပေးဖူးလို့လဲ” ဖန်းရူဟိုင် က ရီဘေချွန် အား ပြောသည်၊
“ဦးလေးဖန်း…..” ဖူရှင်းက လှမ်းနှုတ်ဆက်လိုက်သည်၊
“ကောင်လေး….သိုင်းကျင့်တာ အခြေအနေ ဘယ်လိုရှိလဲ…..တိုးတက်မှုရှိလား….” ဖန်းရူဟိုင် က လှမ်းမေးသည်၊
“သေချာတာပေါ့….မဟုတ်ရင် စာမေးပွဲကိုတောင် လာမှာ မဟုတ်ဘူး….” ဖူရှင်းက ရင်ကို ကော့လျက် ပြော၏၊
“ကောင်းတယ်…..အသက်ငယ်တုန်းမှာ ကောင်းကောင်းလေ့လာ…မင်းအဖေလို အဓိပ္ပါယ်မရှိတာတွေ သိပ်မစဉ်းစားနဲ့….” ဖန်းရူဟိုင် က ရီဘေချွန် အား ကြည့်လျက် ပြောလိုက်သည်၊
“ဟုတ်ကဲ့ ဦးလေးဖန်း….” ဖူရှင်းက ရယ်မောလျက် ခေါင်းညှိတ်လိုက်၏၊
“ယူချင်း….ဒီတစ်ခေါက် ငါတို့က မင်းကို အတော်မျှော်လင့်ထားတယ်….” ဖန်းရူဟိုင် က ယူချင်းအား ကြည့်လျက် ပြောသည်၊
“အင်း….”ယူချင်းက ဘာမှ မထူးခြားဟန်ဖြင့် ခေါင်းညှိတ်လိုက်သည်၊
“စာမေးပွဲအတွက် သွားပြင်ဆင်ကြတော့….” ဖန်းရူဟိုင် က သူတို့နှစ်ယောက်အား ပြောသည်၊ ဖူရှင်းနှင့် ယူချင်းက ခေါင်းညှိတ်ကာ လှည့်ထွက်သွားကြသည်၊ ဖန်းရှင်းဇွီလည်း တစ်ခြားတစ်နေရာသို့ ထွက်ခွာသွားသည်၊
“ကလေးတွေ ဘာဖြစ်ကြတာလဲ…. မင်းတစ်ခုခုသိထားလား…” ရီဘေချွန် က ထူးဆန်းသော အခြေအနေအား သတိထားမိသည်၊ ဖူရှင်းနှင့် ဖန်းရှင်းဇွီ ကား ငယ်စဉ်ကတည်းက စကားများ ရန်ဖြစ်လာကြသော်လည်း ယခုလို စကားမပြောဘဲ တိတ်ဆိတ်ခြင်းက ထူးဆန်းနေသလိုဖြစ်နေ၏။
လူတိုင်းက အချင်းချင်း စကားပြေနေကြသည်၊ ရေးဖြေစာမေးပွဲမျှသာဖြစ်သော်လည်း လူတိုင်းက စိတ်ဝင်စားကြသည်၊ အသိပညာသည်လည်း အဓိကကျသော အရည်အချင်းတစ်ခုဖြစ်ပြီး အနာဂါတ်တွင် ထွန်းတောက်ရန် ဒေါက်တိုင်တစ်ခုဖြစ်သည်၊ တိုက်ခိုက်ရေးစွမ်းအင် အားနည်းသော်လည်း အတွေ့အကြုံများပါက မိမိထက် အားကြီးသူကိုပင် အနိုင်ယူနိုင်သည် မဟုတ်ပါလား။
ကျောင်းသားများက စာရေးစားပွဲနေရာတွင် ထိုင်ကာ နေရာယူကြသည်၊ ကျောင်းသားအရေအတွက်စုစုပေါင်းသုံးထောင်ခန့်ရှိသည်၊ ဖူရှင်းနှင့် ယူချင်းလည်း ဘေးချင်းကပ်လျက် နေရာယူလိုက်ကြသည်၊ ဖူရှင်းက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်၊ ဖူရှင်းအတွက် ယခုအကြိမ်သည် ကျောင်းတော်အတွင်း ပထမဆုံးဖြေဆိုသော စာမေးပွဲ မဟုတ်ပါလား၊ သူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
“ဒါ…..ဟွာဂျီယူ ပဲ….” မိန်းကလေးတစ်ဦး စာမေးပွဲဝင်းထဲ ဝင်လာသည်နှင့် လူတိုင်းက သူမအားကြည့်ကာ စကားသံများဆူညံလာသည်၊
သူမကား အဖြူရောင် ဖျော့ဖျော့အား ဝတ်ဆင်ထားပြီးဝတ်စုံနှင့်လိုက်ဖက်ကာ အလွန်လှပသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးရှိ ပုရိသများအားလုံးအား အသက်ရှူမြန်စေသည်၊
“ဘုရားရေ…ဘယ်လိုတောင် လှတာလဲ….”
“သူမက အရမ်းလှပ ချောမွေ့တာပဲ….အခု သူ့အသက် ဆယ့်ငါးနှစ်ပဲရှိသေးတယ်….နောက်သုံးနှစ်နေရင် နတ်သမီးတောင် ရှုံးလောက်တယ်ဆိုတာ ငါလောင်းရဲတယ်…”
လူတိုင်းက သူမ၏ ပါရမီနှင့် အလှအပက နောင်တွင် ပုရိသများအတွက် ပြသနာဖြစ်လာမည်ကို သေချာသိနေကြသည်၊ တစ်ချို့သော ခေါင်းဆောင်များက သူမတွင် အတိတ်သမိုင်းတစ်ချို့ရှိသည်ဟုလည်း ပြောကြသည်၊
“လူတွေက ပြောကြတယ်….မူရွန်ချူက သူမဆီက အငြင်းခံခဲ့ရတာတဲ့…..” စင်ပေါ်တွင် ထိုင်နေသော မူရွန်မိသားစုမှ လူများက ထိုစကားသံများကြားကာ စိတ်ပျက်သော အမူအယာများပေါ်လာသည်၊
“ဒါက ပုံမှန်ပဲမလား….သူမလို ပါရမီ…အလှတရားနဲ့ဆို ဒီမြို့က ဘယ်သူ့ကို မဆို ငြင်းလို့ရတာပဲ….မူရွန်ချူကတော့ သနားစရာပဲ……သူမကြောင့်သာမဟုတ်ရင် အရင်နှစ်ကတည်းက သူက တရားဝင်ကျောင်းသားဖြစ်နေပြီ….” တစ်ယောက်က မူရွန်မိသားစုထဲမှ တစ်ယောက်အား လှမ်းပြောသည်…….။
ဟုတ်တယ်…..ဒါမြေခွေးမပဲ…….ဖူရှင်းက ဟွာဂျီယူ အား လှမ်းကြည့်လိုက်သည်၊ သူမက ပြန်ကြည့်လျင် သူက ခေါင်းတစ်ချက် ညှိတ်ပြလိုက်သည်၊ ပြိုင်ပွဲကွင်းကြီးတစ်ခုလုံးအား အာရုံစိုက်မိအောင် သူမတစ်ဦးတည်းကသာလျင် တတ်နိုင်ပေသည်။
ဟွာဂျီယူက ကွင်းထဲသို့ဝင်လာပြီး အတန်ကြာရပ်နေလိုက်သည်၊ ထို့နောက် ကွင်းထဲသို့ ဝေ့ကြည့်လိုက်သည်ဝင်းတစ်ခုလုံးရှိ၊ ကျောင်းသားများအားလုံးက သူတို့၏ ဘေးတွင် လာထိုင်ရန် ဆုတောင်းနေကြ၏၊သူမကသာလျင် သူတို့၏ ဘေးတွင်ထိုင်လျက် စာမေးပွဲဖြေလျင် အလွန်ဂုဏ်ယူစရာ ကိစ္စမဟုတ်ပါလား။
သူမက ညှင်သာစွာပင် စာရေးခုံများအား ဖြတ်ကျော်လျက် လျှောက်သွားလိုက်သည်၊လူတွေ တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် ခုံလွတ်တစ်နေရာတွင် ထိုင်ချလိုက်သည်။
လူတိုင်းက သူမ၏ ဘေးမှ လူအား အလျင်အမြန်ရှာဖွေလိုက်ကြသည်၊ ထိုသူကား အလွန်ကံကောင်းသောသူပင်လျင် ဖြစ်ရမည်။
ချက်ချင်း လူတိုင်းက မျက်လုံးပြူးးလျက် အံ့သြမာန်သက်သွားသည်……..။
No comments:
Post a Comment