ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၄)
----------
မူရွန်ချူ ကလည်း အခြေအနေအား စောင့်ကြည့်နေသည်၊ သို့သော်သူက ဖူရှင်းအား ဂရုသိပ်မစိုက်သလို ပုံစံဖြင့် မျက်နှာက အေးစက်သော ဟန်ပန်လုပ်ထားသည်၊ သို့သော်လည်း စိတ်ထဲတွင်ကား မုန်းတီးစွာဖြင့် ဖူရှင်း အရှက်ကွဲမည့် အချိန်အား စောင့်နေသည်၊ သူက ဂုဏ်ထူးစာရင်း အဆင့်တစ်မှ ဖယ်ထုတ်ခံရခြင်းမှာ ဖူရှင်းကြောင့်ပင် မဟုတ်ပါလား။
ပြိုင်ပွဲ၏ပထမဆုံး စိန်ခေါ်ပွဲပင်လျင် စိတ်ဝင်စားမှု အလွန်ကောင်းနေပြီဖြစ်သည်၊ သို့သော် ပြိုင်ပွဲဝင်များမှာ အလွန်စွမ်းအားမြင့်သောကြောင့် မဟုတ်ဘဲ ရီဖူရှင်း၏ နာမည် ကျော်ကြားမှုများကြောင့်ပင်ဖြစ်သည်။
ရီဖူရှင်းက ပြိုင်ပွဲစင်အလယ် သို့ဖြည်းဖြည်းချင်းလျောက်လာကာ နောက်ဆုံးတွင် လင်းရှာ၏ ရှေ့တွင် ရပ်လိုက်သည်။
“ရီဖူရှင်း…. စိန်ခေါ်မှုကို လက်ခံသလား….” ဒိုင် တစ်ယောက်က မေးလိုက်သည်၊ လူတိုင်း၏ မျက်လုံးများက သူမည်သို့ပြန်ဖြေမည်ကို သိလိုစိတ်ဖြင့် ဖူရှင်းအား စိုက်ကြည့်နေကြသည်။
ရီဖူရှင်းက နှိုက်ရှိုက်စွာ ပြုံးလိုက်၏၊ နေရောင်အောက်တွင် သူ၏ ငယ်ရွယ်နုပျိုသော မျက်နှာက သန့်စင်နေသည်။
“ ကျွန်တော် လက်ခံတယ်…..” သူပြန်ပြောသည်၊စိတ်ဝင်တစားကြည့်နေကြသော လူအများအပြား၏ အံ့အားသင့်သော အမူအရာများ အားတွေ့ရသည်၊ ထို့နောက် ရယ်ရွှင်ဖွယ် အမူအယာများသို့ ပြောင်းသွားသည်၊ သူတစ်ကယ် ဒီကံဆိုးမှုကို ရှောင်လွှဲလို့ မရတော့ဘူးဆိုတာ သိသွားပြီလား ထိုသူများက တွေးလိုက်သည်။
“ကျွန်တော့်ကို ကျောင်းတော်က လက်ခံတဲ့အချိန်က စစ်ဆေးချက်ရလဒ်အရ ကျွန်တော်က သဘာဝစွမ်းအင် ကို အာရုံခံနိုင်စွမ်းက အမြင့်ဆုံးအဆင့်မှာ ရှိခဲ့တယ်….အခု ကျွန်တော်က ပြိုင်ပွဲမှာလည်း ဝင်ပြိုင်တော့မယ်….အင်းကွက်ကနေတစ်ဆင့် စစ်ဆေးစရာမလိုတော့ဘူးမလား……” သူက ဒိုင်လူကြီးအား မေးလိုက်သည်၊ အကယ်၍ စိန်ခေါ်မှုအား ငြင်းပယ်ခဲ့ပါက သူ၏သိုင်းအဆင့်အား စစ်ဆေးရမည်ဖြစ်ပြီး သူက စိန်ခေါ်မှုအား လက်ခံခဲ့ပါက တိုက်ပွဲအတွင်း အားလုံးက သိနိုင်သည်မဟုတ်ပါလား။
“ဒါ မှန်တယ်…..” ဒိုင်လူကြီးက ခေါင်းညှိတ်လိုက်၏။
လင်းရှာက ရယ်မောလိုက်သည်၊ ထို့နောက် ရီဖူရှင်းအားကြည့်လျက် မေးလိုက်သည်……
“မင်းက တစ်ကယ့်အစစ်အမှန်ကို ရင်ဆိုင်ရတော့မယ်….ဘယ်လိုခံစားရလဲ…ဟ..ဟ…”
“ရေးဖြေစာမေးပွဲပြီးတုန်းက မင်းကိုငါ တစ်ခုပဲမေးခဲ့တယ်….ရလဒ်က မင်းထင်သလို မဟုတ်ခဲ့ရင် မင်းဘာလုပ်မလဲ…..” ရီဖူရှင်းက ပြောလိုက်၏၊ သူက ခေါင်းခါလျက် ဆက်ပြောလိုက်သည်…….
“တစ်ကယ်လို့ မင်းနောက်ဆုတ်လိုက်မယ်ဆိုရင် ထိတ်လန့်စရာ အတွေ့အကြုံမျိုး မတွေ့ရတော့မည့်အပြင် အရှက်လည်း ထပ်ကွဲမှာ မဟုတ်ဘူး….ဒါမှမဟုတ်ရင် မင်းရဲ့ စိတ်ဓာတ်မျိုးနဲ့ဆို ခံနိုင်ရည်မရှိမှာ ငါစိုးရိမ်တယ်….”
လူတိုင်းက သူ့အား ထူးဆန်းစွာ ကြည့်လိုက်ကြသည်၊ အဘယ်ကြောင့် ရီဖူရှင်းက ထိုသို့ အဓိပ္ပါယ်မရှိသော စကားမျိုးကို ယခုလိုအခြေအနေမျိုးတွင် ပြောနိုင်ရသနည်း၊ သူတစ်ကယ် ရူးသွပ်သွားပြီလား။
“အားလုံးအဆုံးသတ်သွားတော့မည့်အချိန်မှာတောင် မင်းက ဟန်ဆောင်နေသေးတယ်….ဟင်း…” လင်းရှာက နှုတ်ခေါင်းရှုံလိုက်သည်၊ လင်းရှာ၏ ဒေါသများကား ပွင့်ထွက်လုနီးပါးဖြစ်သည်၊ လေသဘာဝစွမ်းအင်များက သူ့ခန္ဒာကိုယ် အနှံ့စီးဆင်းသွားသည်၊ ထို့နောက် ရှေ့ခြေတစ်လှမ်းထောက်ကာ ရီဖူရှင်း ထံသို့ လေအဟုန်ကဲ့သို့ လျန်မြန်စွာ ချဉ်းကပ်လာသည်။
လင်းရှာကား လေဓာတ်အခြေခံ နိုးထခြင်းအဆင့်ခြောက် မှော်ဆရာ ဖြစ်သည်၊ မျက်စိတမှိတ်အတွင်းမှာပင် လင်းရှာက ဖူရှင်း၏ ရှေ့သို့ ရောက်လာသည်၊ သူက အလွယ်တကူပင် သဘာဝစွမ်းအင်အားသုံးလျက် ရိုးရှင်းသော မှော်သိုင်းကွက် တစ်ကွက် ထုတ်လွှတ်လိုက်သည်၊ ဖူရှင်းအတွက် တစ်ကယ့်မှော်ပညာအား ထုတ်သုံးရန်မလိုပေ၊ သာမာန် လက်ဝါးရိုက်ချက် တစ်ချက်က လုံလောက်ပေသည်။
“သတိထား…..” ချင်ယီက အဝေးမှ စိုးရိန်တစ်ကြီး အော်ဟစ်သတိပေးလိုက်သည်၊ လင်းရှာက ဖူရှင်းအား တိုက်ခိုက်လိုက်သော လက်ဝါးအားအဟုန်အား ကြည့်ကာ သူမက ဖူရှင်းအတွက် အလွန်စိုးရိန်သွားသည်၊ အကယ်၍ ဖူရှင်းက နိုးထခြင်း ပထမအဆင့်တွင်သာရှိလျင် ထိုလက်ဝါးရိုက်ချက်မှာ သူ့အတွက် ခုခံကာကွယ်ရန် အလွန်ခက်ခဲကာ အန္တရာယ်များလှသည်၊ လင်းရှာကား လုံးဝ မညှာပေ။
လူတိုင်းနီးပါး က ရီဖူရှင်းအား သဘောမကျသော်လည်း ထိုအခိုက်အတန့်တွင် လူတိုင်းက ဖူရှင်းအားကြည့်လျက် သနားမိလိုက်ကြသည်၊ သူကား ထို ရိုက်ချက် တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရပေတော့မည်။
သို့သော်လည်း မူရွန်ချူ ၊ မူရွန်ရှန်း နှင့် ယန်ဇူတို့ကမူ အေးစက်စွာ ကြည့်နေကြသည်၊ ထိုအရာက သူတို့မျှော်လင့်နေသော ရလဒ်ပင် မဟုတ်ပါလား။
“ဝုန်း……”
ကျယ်လောင်သော အသံတစ်ချက် မည်သွားသည်၊ မမျော်လင့်သော မြင်ကွင်းက အားလုံးအား အံ့အားသင့် မာန်သက်သွားစေသည်၊ လင်းရှာ ရပ်တန့်သွားသည်၊ သူ၏လက်ဝါးရိုက်ချက်က ဖူရှင်းထံသို့ မရောက်လိုက်ပေ၊ ၄င်းအစား သူ၏ရိုက်ချက်အားလှိုင်းက ဖူရှင်း၏ လက်ဝါးများအောက်တွင် နစ်မြုတ်ပျောက်ကွယ်သွားသည်။
“ဒါ…….” လူတိုင်း၏မျက်လုံးများ ပြူး ကျယ်သွားလျက် ပြိုင်ပွဲကွင်းပြင်နေရာအားကြည့်ကာ ကျောက်ရုပ်များလို ရပ်တန့်သွားကြသည်၊ လင်းရှာ၏ လက်ဝါးက ဖူရှင်း၏ ရင်ဘတ်နှင့်နီးလာသောအခါ ဖူရှင်း၏ ရိုးရှင်းစွာဝှေ့ယမ်းလိုက်သော လက်ဝါးတစ်ချက်တွင်ပင် ကြောက်မက်ဖွယ်အားအဟုန်က ပျောက်ကွယ်သွားသည်။
“ဒါတစ်ကယ်ပဲ ဘာမှအသုံးမကျတဲ့ဖူရှင်းလား…နိုးထခြင်းအဆင့်တစ်နဲ့ ဒီလို လုပ်လို့ရတာလား.” ပရိတ်သတ်ထဲမှ တစ်ယောက်က ရေရွက်လိုက်သည်။
ချင်ယီ၊ ဖန်းရှင်းဇွီ၊ ယန်ဇူ၊ မူရွန်ချူ၊ နှင့်တစ်ခြားများစွာသောသူများအားလုံးက ရီဖူရှင်းအား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေကြသည်၊ သူတို့အားလုံးက အံ့အားသင့်ကာ ပြောစရာစကားမရှိကြတော့ပေ၊ လင်းရှာ၏ရိုက်ချက်အား အလွယ်တစ်ကူရပ်တန့်နိုင်ရန်မှာ အနည်းဆုံး လင်းရှာနှင့် သိုင်းအား အဆင့်တူရှိရမည် မဟုတ်ပါလား။
ကောက်ချက်ချရလျင် ရီဖူရှင်းမှာ နိုးထခြင်းအဆင့်ခြောက် သို့မဟုတ် ပို၍မြင့်သောအဆင့်ရှိသော သိုင်းပညာရှင် ဖြစ်ရပေမည်။
“ဒါ…ဒါ…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….” လင်းရှာကား လက်ရှိအခြေအနေကိုပင် သတိမရတော့၊ သူသိသော တစ်ခုတည်းသော အရာမှာ သူ၏ ရိုက်ချက်အား ရှေ့သို့ဆက်တိုးမရအောင် အားပြင်းသော အားလှိုင်းတစ်ခုက တားဆီးလိုက်သည် ဟုသာ သိသည်။
“ငါမင်းကို အခွင့်အရေး ပေးခဲ့တယ်….” ရီဖူရှင်းက လင်းရှာအားကြည့်လိုက်သည်၊ ထို့နောက်တွင် အားကောင်းသော တိုက်ခိုက်ရေးအရှိန်အဝါတစ်ခုက ထိုနေရာတစ်ဝိုက်အား ဖုံးလွှမ်းသွားသည်။
သိုင်းပညာ ရဲ့ ရသ အသိပညာ၊ သူကား နိုးထခြင်းစွမ်းအင် အဆင့် ခုနစ် ဖြစ်သည်၊ လူတိုင်းက ဖူရှင်းအား မယုံကြည်နိုင်စွာကြည့်နေကြသည်၊ ထို အသုံးမကျ အမှိုက်လိုကောင်က ယခု နိုးထခြင်း အဆင့် ခုနစ် ရောက်နေသော သိုင်းပညာရှင် ဖြစ်နေလေပြီ။
ပိုပြောရလျင် သိုင်းပညာကို အာရုံခံနိုင်စွမ်းက အမြင့်ဆုံးဖြစ်ကာ ရေးဖြေစာမေးပွဲတွင်လည်း ပထမ ရထားသေးသည်၊ သူကား သံသယရှိစရာမလိုအောင်ပင်လျင် ခြွင်းချက်မရှိသော ပါရမီရှင် သိုင်းပညာရှင် ဖြစ်သည်။
လူပေါင်းများစွာ မည်မျှ သူ့အား သရော်ခဲ့ကြသနည်း၊ ရယ်မောခဲ့ကြသနည်း၊ ထိုပါရမီရှင်အား စော်ကားခဲ့ကြသနည်း။
“ဘုရားရေ….ဒီကောင် တစ်ကယ့်ကောင်ပဲ…..” ချင်ယီကား စိတ်ထဲတွင် ရှုပ်ထွေးနေသည်၊ တစ်ဘက်တွင်လည်း သူယခုလို လျို့ဝှက်ထားလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ၊ စာသင်ခန်းတွင် ပြုလုပ်ခဲ့သော လောင်းကြေးအား ပြန်တွေးမိလျင် ဒေါသထွက်လျက် မျက်နှာက ရဲသွားသည်၊ သည်ကောင်ကား အမြဲပင် အရှက်ကင်းမဲ့လှသည်၊ အကယ်၍ မသင့်တော်သော တောင်းဆိုချက်များလုပ်ခဲ့လျင် ဘယ်လိုလုပ်မည်နည်း၊ သူမက တစ်ကယ်ပင် လက်ခံရတော့မည်လော။
တစ်ခြားတစ်ဘက်တွင်လည်း သူမက ပျော်မိသည်၊ လွန်ခဲ့သော သုံးနှစ်ခန့်မှ ကျောင်းဝင်ခွင့် စစ်ဆေးခြင်းနေရာမှ ပါရမီရှင်ကောင်လေးကား သူ၏ ကောင်းကင်လက်ဆောင်အား စွန့်ပစ်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း သူက မည်သို့ နိုးထခြင်းအဆင့် ခုနစ်သို့ ရောက်ရှိခဲ့သနည်းဆိုသည်ကား ဇဝေဇဝါဖြစ်နေတုန်းပင်။
ဖန်းရှင်းဇွီကား လုံးဝ အေးခဲသွားသလိုဖြစ်သွားလေပြီ၊ သူမက ရုတ်တရက် တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရ၏၊ အသုံးမကျသည့်ကောင် တဲ့လား။ သူမက သူမ၏အဖေ ပြောခဲ့သော စကားများအား ပြန်တွေးမိသည်၊ သုံးနှစ်လုံးလုံး သူ၏စွမ်းရည်များအား ဖုံးကွယ်ထားပြီးသကာလ အနုတ်သဘောဆောင်သော အရာများအားထိုးဖောက်ကာ သူကား ကွယ်ရာမှ လူများ၏ရှေ့သို့ ရောက်လာလေပြီ။
သူမ၏ဘေးတွင် ရပ်နေသော မူရွန်ရှင်းမှာလည်း အခြေအနေမဟန်ပေ၊ ထို့အတူ ယန်ဇူလည်း အတူတူပင်၊ လူတိုင်းက ဘာဖြစ်နေသည်ကို လုံးဝအာရုံစိုက်နေကြလေပြီ၊ ရီဖူရှင်းက လင်းရှာအား ကြည့်လျက် အနည်းငယ်ပြုံးလိုက်၏။
“မင်းဘယ်လိုထင်လဲ……” ရီဖူရှင်းက လင်းရှာ၏ စကားအားပြန်ပြောလိုက်သည်။
လင်းရှာက ထိတ်လန့်စွာ ရပ်နေရာမှ သတိဝင်လာသည်၊ သူက လက်ဝါးအား ရုတ်လျက် ချက်ချင်း ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်၊ သိုင်းပညာရှင်နှင့် အနီးကပ်တိုက်ခိုက်ခြင်းကား အလွန်မိုက်မဲသော ဆုံးဖြတ်ချက်ဖြစ်သည်၊ သူက ရီဖူရှင်းနှင့်အကွာအဝေးတစ်ခုတွင် ရှိနေရန်လိုအပ်သည်၊ သူ့အတွက် အခွင့်အရေး ရနိုင်သေးသည်။
သို့သော်……..
“ဘုန်း…..”
ကျယ်လောင်သော အသံတစ်ချက် ကြားလိုက်ရပြီး လင်းရှာ အဝေးသို့ လွင့်စင်သွားသည်၊ ရီဖူရှင်းထံမှ ထိုမျှမြန်ဆန်ကာ အားပြင်းသော ကန်ချက် ထွက်လာမည်ဟု သူမမျှော်လင့်ထားပေ၊ ရင်ဝအား တောင်ကြီးတစ်လံုး ဖိနင်းလိုက်သလို ခံစားချက်နှင့်အတူ လင်းရှာကား လွင့်စင်သွားကာ ပါးစပ်မှသွေးများအန်လျက် မြေကြီးသို့ ခွေကျသွားသည်၊ ကြည့်ရသည်မှာ သူကား ဆိုးရွားစွာ ဒဏ်ရာရသွားပြီ ဖြစ်သည်။
လင်းရှာက ကြိုးစားလျက် ထရပ်လိုက်သည်၊ သူ၏မျက်နှာကား သွေးရောင်ကင်းမဲ့လျက် တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်ရီနေသည်၊ သူက ရီဖူရှင်းအား မုန်းတီးစွာကြည့်နေသည်။
“ဒါက မင်းငါ့ကို အမြဲတမ်း လုပ်ချင်တဲ့အရာ မဟုတ်ဘူးလား…..မင်းရဲ့ ကိုယ်ပိုင်ဆေးကို ပြန်ခံစားရတဲ့ အရသာက ဘယ်လိုလဲ” ရီဖူရှင်းက သူ့အား မသနားပေ၊ သူကား လင်းရှာအား ဘာမှလုပ်ခဲ့သည်မရှိခဲ့သော်လည်း လင်းရှာက သူ့အား ရန်သူလိုသဘောထားကာ အမြဲလို ရန်စကာ စော်ကားနေခဲ့သည်၊ လင်းရှာ၏ရည်ရွယ်ချက်မှာ ရီဖူရှင်းအား ကျောင်းမှထုတ်ပယ်ခံရရန်ဖြစ်သည်၊ ထို့အတူ သူက ရီဖူရှင်းအားရိုက်ခဲ့သော လက်ဝါးရိုက်ချက်တွင်လည်း သက်ညှာမှု မရှိခဲ့ပေ။
ထို့ကြောင့် ရီဖူရှင်းပြောသလို သူကား လင်းရှာအား သူ၏ကိုယ်ပိုင်ဆေး အရသာအား မြည်းစမ်းစေခဲ့ခြင်းသာဖြစ်သည်။
“ဒီအတွက် မင်းဆီက ပြန်ယူမယ်” သူက ထိုသို့ပြောလျက် လူအုပ်ထဲသို့ ဖြည်းဖြည်းချင်း လျောက်သွားလိုက်သည်။
လူတိုင်းက ဖူရှင်းအား ဝိုင်းကြည့်နေကြ၏၊ ယမန်နေ့က ရေးဖြေစာမေးပွဲတွင် ပထမရခဲ့သည်မှာ စာရွက်ပေါ်မှ အသိပညာသက်သက် မဟုတ်ဘဲ တစ်ကယ့် လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ထက်မြတ်သည်ကို အားလုံးက မျက်မြင်သက်သေပင်။
“မင်းက နိုးထခြင်း အဆင့် ခုနစ် ဆိုရင်တောင် ဒီလောက် ဘဝင်မြင့်စရာ လိုလို့လား……မင်းက ကိုယ့်ဘာသာ နည်းနည်းအထင်ကြီးလွန်းမနေဘူးလား…..” ယန်ဇူက မေးလိုက်သည်၊ သူက ဆက်၍…..“မင်းက နိုးထခြင်းအဆင့် ခုနစ် သိုင်းပညာရှင် ဆိုမှတော့ ငါကလည်း အဆင့်တူ မှော်ဆရာပဲ….ဒါက မနေ့က အကြွေးကို ဖြေရှင်းဖို့ အကောင်းဆုံးအခွင့်အရေးလို့ မင်းမထင်ဘူးလား….ငါမင်းကို စိန်ခေါ်တယ်….”
ယမန်နေ့က ရေးဖြေစာမေးပွဲတွင်နိုးထခြင်းအဆင့်အတွင်းရှိသော သိုင်းပညာရှင်နှင့် မှော်ပညာရှင် တို့အကြား တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ သူတို့နှစ်ဦး ငြင်းခုံခဲ့ကြရာ ရီဖူရှင်းက အသာစီးရခဲ့သည်၊ ရီဖူရှင်းက နိုးထခြင်းအဆင့်တွင် သိုင်းပညာရှင်းက အနိုင်ရရန် ပိုအခွင့်အရေးများသည်ဟု ပြောခဲ့သလို စာမေးပွဲကြီးကြပ်သူကလည်း သဘောတူခဲ့သည်၊ ထို့ကြောင့် ယခုအခြေအနေသည် ထိုငြင်းခုံမှုအား ရီဖူရှင်း မှားယွင်းကြောင်း သက်သေပြရန် အကောင်းဆုံးအခွင့်အရေးဟု ယန်ဇူ တွေးသည်။
“မင်းလက်ခံသလား….” ယန်ဇူက ရီဖူရှင်းအား မေးလိုက်သည်။
ရီဖူရှင်းက ယန်ဇူအား ပြန်ကြည့်လိုက်သည်၊ သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်…..
“မင်းက ငါ့ကို ရေးဖြေ စာမေးပွဲမှာလည်း ရှုံုးပြီးပြီ….အခုလည်း ထပ်ပြီး ရှုံးတော့မယ်….မင်း မရှက်ဘူးလား…..”
လူတိုင်းက တွေးလိုက်ကြသည်……“ဒီကောင် ဘဝင်မြင့်တာ မများလွန်းဘူးလား…..” လူတိုင်းက ရီဖူရှင်းမှာ ရူးနေသည်ဟု တွေးလိုက်ကြသည်၊ သိုင်းပညာရှင် က မှော်ပညာရှင်အား မည်သို့ အနိုင်ရမည်နည်း။
“မင်း လက်ခံသလား…” ယန်ဇူက ထပ်မေးလိုက်၏
“မင်းတို့ကောင်တွေ ငါပြောတာ နည်းနည်းလေးတောင် နားထောင် မပေးတော့ဘူးလား” ရီဖူရှင်း အနည်းငယ် စိတ်ရှုပ်သွားသည်၊ ထို့နောက်သူက ပုခုန်းတွန့်လျက် ပြောလိုက်သည်…..
“ကောင်းပြီလေ ဒါဆိုလည်း အဖော်လုပ်ပေးရမှာပေါ့….”
“ဒီကောင် တစ်ကယ်ကို မိုက်မဲတာပဲ…..” ရီဖူရှင်း၏ အေးဆေးသော ပုံစံက ချင်းကျူ ကျောင်းတော်မှ လူများအားလုံးအား မည်သို့ပြောရမည်မသိ ဖြစ်သွားစေသည်၊ အကယ်၍ သူက သိုင်းပညာအဆင့်တူနေလျင်ပင် မှော်ပညာရှင်အား မသရော်သင့်ပေ၊ သိုင်းပညာရှင်များ မည်သည့်အချိန်က မှော်ပညာရှင်းများရှေ့တွင် ဘဝင်မြင့်ရဲသနည်း။
ထိုကောင်လေးကား တစ်ကယ်ပင် အရိုက်ခံရန် တောင်းဆိုနေပုံရ၏၊ ပွဲကြည့်စင်ပေါ်မှ အထူး ဧည့်သည် များနှင့် ဆရာများပင်လျင် ပြောစရာ စကားရှာမရတော့ပေ။
ယန်ဇူက ပြိုင်ပွဲစင်မြင့်ထက်သို့ ဖြည်းဖြည်းချင်း တက်လှမ်းလာကာ အင်းကွက်အတွင်းသို့ ဝင်ရပ်လိုက်၏၊ ရုတ်တရက် အားကောင်းသော မီးဓာတ်စွမ်းအင်များက သူ့တစ်ကိုယ်လုံးအား ပျံ့နှံ့သွားကာ မီးတောက်မီးလျံများ ဖုံးလွမ်းသွားသည်၊ သူကား မီးဓာတ်စွမ်းအင်အား အာရုံခံနိုင်စွမ်း အမြင့်ဆုံးဖြစ်ကာ နိုးထခြင်း အဆင့် ခုနစ် ဖြစ်သည်။
ယန် ဇူအားးကြည့်ရသည်မှာတစ်ကိုယ်လုံးရှိ မီးတောက်များက သူနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ပင်၊ သဘာဝစွမ်းအင်များက သူ့တစ်ကိုယ်လုံးအား လှည့်ပတ်စီးဆင်းလျက် သူ့အား တစ်ဖြည်းဖြည်း ဝါးမြိုသွားကာ မီးလူသားကဲ့သို့ ဖြစ်သွား၏၊ လူတိုင်းက ထိုမြင်ကွင်းအား အံ့သြတကြီးကြည့်နေစဉ်မှာပင် ယန်ဇူ၏ ခန္ဒာမှ မီးတောက်တစ်ချို့က မွေနဂါးကဲ့သို့ ပြောင်းလဲသွားကာ ဖူရှင်းထံသို့ တိုးဝင်တော့မည့်ဟန်ဖြင့် အားယူနေကြ၏။
ထိုကဲ့သို့ အားပြင်းသော မှော်သိုင်းကွက်၊ လူတိုင်းက ယန်ဇူအား စိုက်ကြည့်နေကြ၏၊ သူကဲ့သို့သော အားကောင်းသော မှော်ဆရာ တစ်ယောက်အနေဖြင့် စကြာဝဠာ စွမ်းအင်အား စုတ်ယူကာ ထိုစွမ်းအင်အား သူ၏ မှော်သိုင်းကွက်နှင့် ပေါင်းစပ်ကာ ရန်သူအား တိုက်ခိုက်နိုင်ပေသည်၊ ယေဘုယျအားဖြင့် မှော်ဆရာတစ်ယောက်၏ မှော်သိုင်းကွက်သည် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ခိုက်ရေးနည်းစနစ်များထက် အားပြင်းလေ့ရှိသည်။
“လာစမ်းပါ….မင်းကိုယ်တိုင် သက်သေပြစမ်း….သိုင်းပညာရှင်က ရေရှည်အချိန်ဆွဲပီး မှော်ပညာရှင်ကို မောပန်းအောင်လုပ်ပြီးတော့ အနိုင်ယူနိုင်တယ်လို့ မင်းပြောခဲ့တယ်….မင်းစကားကို မင်းပြန်စားဖို့ အချိန်ကျပြီ….မင်းခံစားရအောင် ငါလုပ်ပေးမယ်…..” ယန်ဇူကား မှော်ပညာရှင်ဖြစ်ရသည်ကို အလွန်ဂုဏ်ယူသည်။ သူက ရီဖူရှင်းအား ညှာတာရန် စိတ်ကူးမရှိပေ။
“မနေ့က ရေးဖြေစာမေးပွဲမှာ မင်းကိုယ်တိုင် စွမ်းအားမြင့်ဖို့အတွက် တစ်ခြားလူတွေရဲ့ စွမ်းအားကို လေးစားဖို့မင်းက ပြောခဲ့တယ်မလား…..ငါထင်တာကတော့ မင်းက ဒီသင်ခန်းစာကို မင်းကိုယ်တိုင် မလိုက်နာဘူးမလား…..” ယန်ဇူအား အသာအယာပြုံးလျက် ရီဖူရှင်းက ပြောလိုက်၏၊သူကဆက်၍…..
“ငါမနေ့က ပြောခဲ့တာက ယေဘုယျ အခြေအနေမှာလို့ပြောတာ….မင်းနဲ့ကတော့ ငါဒီလောက် အချိန်ကုန်မခံနိုင်ဘူး…..” ထိုသို့ပြောကာ ရီဖူရှင်းက ယန်ဇူထံသို့ ခုန်လွှားလိုက်၏၊ သူ၏ ခန္ဒာကိုယ်အား သိုင်းပညာ စွမ်းအင်များက စတင်လွှမ်းခြုံလာ၏၊ ထိုစွမ်းအင်များက ပုံစံတစ်ခု အနေဖြင့် စုစည်းလာနေကြ၏၊
ဒီကောင်က ယန်ဇူနဲ့ ထိပ်တိုက်ရင်ဆိုင်တော့မယ်ထင်တယ်…..၊ လူတိုင်းက ရီဖူရှင်း၏ စကားများအား ကြားက မည်သို့ပြောရမှန်းမသိတော့၊ သူကား နိုးထခြင်း အဆင့်ခုနစ်ဖြင့် အဆင့်တူ မှော်ပညာရှင်၏ အားပြင်းသော မှော်သိုင်းကွက်နှင့် တိုက်ရိုက်အားဖြင့် ထိပ်တိုက်ရင်ဆိုင်တော့မည်ဖြစ်သည်။
“ဒီကောင်က သူ့အသုံးမကျတဲ့ ယုံကြည်မှုကို နောင်တရနေတော့မယ်…” တစ်စုံတစ်ယောက်က နှခေါင်းရှုံလိုက်၏။
ယန်ဇူကလည်း ရီဖူရှင်း၏ မှတ်ချက်အားကြားကာ ဟက်ဟက်ပက်ပက်ရယ်မောနေ၏၊ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လျင် သူ့တစ်ကိုယ်လုံးမှ မီးတောက်ငယ်များက မွေနဂါးကြီးတစ်ကောင် အဖြစ်အသွင်ပြောင်းသွားသည်၊ ထိုမီးမြွေနဂါးကြီးကား မုန်ယိုနေသော ဆင်တစ်ကောင်လို ရုန့်ရန်းကြမ်းတမ်းစွာဖြင့် လှည့်ပတ်နေကာ သူဖြတ်သွားရာလမ်းတစ်လျောက်ဝါးမြိုမည့် ပုံဟန်ပင်။
သူရူးနေတာလား….၊ ချင်ယီက ထိုမှော်သိုင်းကွက် မည်မျှ စွမ်းအားပြင်းသည်ကို သတိထားမိကာ ရီဖူရှင်းအား စိုးရိန်တကြီး ကြည့်လိုက်၏၊ သည်မှော်သိုင်းကွက်က အသက်အန္တရယ်ရှိသည်ကို သူမသိသည်။
“ဒါဆိုရင်လည်း မင်းကို ပညာပေးရတော့မှာပေါ့….” ယန်ဇူက အေးစက်စွာပြောလျက် ရီဖူရှင်းထံသို့ လျင်မြန်စွာ တိုးဝင်သွားလိုက်၏၊ ရီဖူရှင်းကလည်း သူ၏တစ်ကိုယ်လုံးရှိစွမ်းအင်များအား လှည့်ပတ်လျက် လျင်မြန်စွာတိုးဝင်သွားသည်၊ ပြိုင်ပွဲကွင်းပြင်နေရာတွင် လျပ်စီးနှစ်ခုက တစ်ဘက်တစ်ချက်မှ ထိပ်တိုက်ရင်ဆိုင်ရန် လျင်မြန်စွာ ရွေ့လျားနေသကဲ့သို့ပင်။
ထိုအခိုက်မှာပင် ရီဖူရှင်း၏ တစ်ကိုယ်လုံးရှိလွှမ်းခြုံထားသော သိုင်းစွမ်းအင်များက ပန်းရောင်သို့ ပြောင်းလဲသွား၏၊ ထို့နောက် ထိုပန်းရောင်စွမ်းအင်များက နဂါးတစ်ကောင်ပုံစံသို့ပြောင်းလဲသွားသည်။
ရီဖူရှင်းတစ်ကိုယ်လုံးကား ထိုအခိုက်တွင် နဂါးဟိန်းသံကဲ့သို့ အက်ကွဲသံများဖုံးလွှမ်းနေ၏၊ လူတိုင်းက မျက်စိရှေ့မှ ပြောင်းလဲမှုများအားကြည့်ကာ ရုတ်တရက် အံ့သြမာန်သက်သွားကြ၏၊ နောက်ဆုံးတွင် သူတို့နောက်ယောက် ရင်ဆိုင်မိကြသည်၊ ယန်ဇူက ထိန်းချုပ်မရတော့ဟန်ဖြင့် ရီဖူရှင်းထံသို့ မီးမြွေနဂါးကြီးအား ထုတ်လွှတ်လိုက်သည်။
ဟိန်းသံတစ်ချက်ကြားလိုက်ရပြီး ရီဖူရှင်းက လျပ်စစ်နဂါးပုံဟန်ပြောင်းလဲသွား၏၊ သူ၏ လက်အား ဆန့်ထုတ်လိုက်လျင် ပန်းရောင် လျပ်စီးနဂါးကြီးတစ်ကောင်က မီးနဂါးထံသို့ တိုးဝင်သွားသည်။
လျပ်စစ် ပန်းရောင် နဂါးနှင့် မီးနဂါးတို့ ထပ်တိုက်ဆုံမိကာ အက်ကွဲသံများ အဆက်မပြတ်ထွက်လာသည်၊ မီးနဂါးကား လျပ်စီးနဂါးအား ခုခံနိုင်စွမ်းမရှိပေ၊ ထိုခဏမှာပင် မီးနဂါးမှ အခိုးအငွေ့များအဖြစ်ပြောင်းလဲ ပျောက်ကွယ်သွားသည်၊ သို့သော်လည်း လျပ်စီးနဂါးကား ထိုနေရာတွင်ရပ်တန့်မနေဘဲ ယန်ဇူထံသို့ ဆက်လက် တိုးဝင်သွားကာ နောက်ဆုံး ယန်ဇူ၏ ရင်ဘတ်အား ထိသွားသည်၊ ဝုန်းခနဲ မြည်သံနှင့်အတူ ယန်ဇူ အဝေးသို့လွင့်စင်သွားသည်။
“ဒါက သိုင်းပညာ နည်းစနစ်တစ်ခုဖြစ်တဲ့ နဂါးအားမာန်သိုင်းပဲ…ဒီကောင် ဘယ်လိုများလုပ်လိုက်တာလဲ….” ကျောင်းသားများအားလုံး ထိတ်လန့်သွားကြ၏၊ မနေ့က ရီဖူရှင်းက ထိုစာအုပ်အား ငှါးသွားသည်ကို လူတိုင်းက သိကြ၏၊ သို့သော် သူတို့က မည်သည့်နည်းနှင့်မျှ အဓိပ္ပာယ် မရှိဟု တွေးခဲ့ကြသည်၊ ရီဖူရှင်းက ထိုသိုင်းအား တစ်ရက်တည်းဖြင့် လေ့ကျင့်အောင်မြင်ခဲ့သည်ကို မည်သို့မျှမယုံကြည်နိုင်ကြပေ။
ယခုမူကား ရယ်စရာက သူတို့ဖြစ်နေပေပြီ၊ ရီဖူရှင်းအား နှခေါင်းရှုံ့ခဲ့ကြသော ထိုသူများအားလုံး ရှက်ရွံသွားကြ၏၊ နဂါးအားမာန်သိုင်းက သူတို့၏စွမ်းရည်ဖြင့် လိုက်မမှီဟု မည်သူက ပြောသနည်း၊ သူတို့မလုပ်နိုင်ယုံမျှဖြင့် တစ်ခြားသူများလည်း မလုပ်နိုင်ခြင်း မဟုတ်ကြောင်း ရီဖူရှင်းက သက်သေပြလိုက်သည်။
“နဂါးအားမာန်သိုင်း…..တစ်ရက်တည်းမှာ….ဒါက ဘယ်လို ရယ်စရာအမျိုးအစားလဲ….” ကျောင်းသားတစ်ချို့က သူတို့ရှေ့မှ အဖြစ်အပျက်များအား လက်ခံနိုင်သေးပုံမရသေးပေ။
“လျပ်စစ်စွမ်းအင်က အစစ်အမှန်ပဲ….ဒီကောင်က တိုက်ခိုက်ရေးသမား သတ်သတ်မဟုတ်ဘူး….လျပ်စီးစွမ်းအင်လည်း သုံးနိုင်သေးတယ်…” နောက်တစ်ယောက်က မှတ်ချက်ချလိုက်သည်။
ကျောင်းသားများနှင့် ဆရားများအားလုံးက ရီဖူရှင်းအား ထူးဆန်းစွာကြည့်နေကြ၏၊ ရီဖူရှင်းက သိုင်းပညာတွင် လျပ်စီးစွမ်းအင်အား ပေါင်းစပ်၍သုံးသွားခြင်းဖြစ်သည်၊ သူကား နိုးထခြင်းအဆင့်ခုနစ်တွင်ပင် လျပ်စီးစွမ်းအင်အား သူ၏ သိုင်းကွက်တွင် အောင်မြင်စွာပေါင်းစပ်၍ တိုပ်ခိုက်နိုင်ပေပြီ။
“မင်းက ငါပြောတာ ဘာလို့မယုံခဲ့တာလဲ…” ရီဖူရှင်းက သက်ပြင်းချလျက် အခြေအနေဆိုးရွားကာလဲလျောင်းနေသော ယန်ဇူအားလှမ်းပြောလိုက်သည်၊ သူက အင်းကွက်ထဲသို့ ဝင်လိုက်သည်၊ ထိုနောက် ပြိုင်ပွဲနေရာတစ်ခုလုံးအား ဝေ့ကြည့်လိုက်ကာ ပြောလိုက်သည်…..
“ငါက သိုင်းပညာ သာမဟုတ်ဘဲ လျပ်စီးစွမ်းအင်မှာလည်း အာရုံခံနိုင်စွမ်း အမြင့်ဆုံး အဆင့်ရှိတယ်ဆိုတာ မပြောဖူးလား….”
သူက ပြောပြီးသည်နှင့် အင်းကွက်က လျပ်စီးစွမ်းအင်များလွှမ်းခြုံလျက် တောက်ပလာ၏၊ လျပ်စီးများက ဖူရှင်း၏ တစ်ကိုယ်လုံးအားလှည့်ပတ်နေသည်မှာ ဇူးနတ်ဘုရားနှင့် တူလှသည်။
No comments:
Post a Comment